“ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဂရန်အင်း၊ တင်ဒါချက်များကို ခရိုင်ရုံးစိုက်ရာမြို့များမှာ သတ်မှတ်ရက်များ အလိုက် ရောင်းချမည်”

04 May

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ ငါးလုပ်ငန်းရာသီအတွက် လေလံရောင်းချမည့် ဂရန်အင်း၊ တင်ဒါချက်များကို ခရိုင်ရုံးစိုက်ရာ မြို့များမှာ သတ်မှတ်ရက်များအလိုက် မေလအတွင်း အပြီးရောင်းချသွား မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဂရန်အင်း/တင်ဒါချက်များနှင့်ပတ်သက်၍ ယခင်ဒုတိယလွှတ်တော်သက်တမ်းမှာ ပြဋ္ဌာန်း အတည်ပြုထားတဲ့ ရေချိုငါးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေပါအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ခရိုင်ရုံးစိုက်ရာမြို့များဖြစ်တဲ့ ပုသိမ်မြို့မှာ မေလ ၁၈ ရက်မှာ လေလံစတင်ရောင်းချမည်ဖြစ်ပြီး၊ ကျုံပျော်မြို့မှာ မေလ ၁၉ ရက်၊ ဟင်္သာတမြို့တွင် မေလ ၂၀ ရက်၊ မြန်အောင်မြို့တွင် မေလ ၁၉ ရက်၊ မြောင်းမြမြို့တွင် မေလ ၂၁ ရက်၊ မအူပင်မြို့တွင် မေလ ၂၅ မှ ၂၆ ရက်အထိ၂ရက်ရောင်းချပေးမှာဖြစ်ပြီး လပွတ္တာမြို့တွင် မေလ ၁၈ ရက်နှင့် ၂၅ ရက် တို့မှာ ၂ ရက်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အင်းလုပ်ငန်းများက ဧရာဝတီတိုင်းဒေသကြီးအတွက် ဘဏ္ဍာငွေများစွာရရှိတဲ့လုပ်ငန်းဖြစ်ပြီး အင်းလေလံပွဲများဆောင်ရွက်ရာမှာလည်း ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

04 May

ADVERTISE HERE .