“အကောက်ခွန်ဦးစီးဌာနမှ အရေးယူထားတဲ့ ပစ္စည်းများကို ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမည်”

04 May

အကောက်ခွန်ဦးစီးဌာနအနေနဲ့ အကောက်ခွန်တည်ဆဲဥပဒေအရ အရေးယူထားသောပစ္စည်းများကို ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။ အဆိုပါကြေညာချက်အရ အကောက်ခွန်ဦးစီးဌာနက ဥပဒေအရ အရေးယူထားတဲ့ Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန် ပစ္စည်းများအား အစီအစဉ်အတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသူများအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူနိုင်ပြီး အဆိုပါပစ္စည်းများကို လာမည့် မေလ ၁၄ ရက်နံနက် ၁၀ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ် ကမ်းနားလမ်းရှိ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန်(ကုန်လှောင်ရုံ)၌ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လေလံပုံစံများ၊ လေလံစည်းကမ်းချက်များနှင့် လေလံပစ္စည်းစာရင်း ပူးတွဲပါတစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းနဲ့လာမည့်မေလ ၆ ရက်မှ ၇ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကာ လေလံပုံစံဝယ်ယူပြီးသူများအနေနဲ့ ရောင်းချမည့်ပစ္စည်းများကို မေလ ၈ ရက်မှ ၁၂ ရက်အထိ ရုံးဖွင့်ချိန် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ၃ ရက် ပြသပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက် သိရှိလိုတာများကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

04 May

ADVERTISE HERE .