“ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဘွဲ့နှင်းသဘင်တည်ဆောက်မည်”
04 May
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း ဘွဲ့နှင်းသဘင်နှင့် အပန်းဖြေ ရိပ်သာ တည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဘွဲ့နှင်းသဘင်နှင့် အပန်းဖြေရိပ်သာတည်ဆောက်မည့်မြေနေရာများ၊ ဘောလုံးကွင်း၊ အားကစားရုံ နှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ရေးဆောင်ရွက်မည့် အခြေအနေများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန် က မေလ ၂ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ လှိုင်နယ်မြေရှိ သိပ္ပံပစ္စည်းအလုပ်ရုံဌာနမှာ သင်ကြားရေးအတွက် ထုတ်လုပ်ထားသော funnel ပြခန်း၊ ကျောင်းများတွင်အသုံးပြုနိုင်ရန် သင်ထောက်ကူ ပစ္စည်းများထုတ်လုပ်တဲ့ အလုပ်ရုံအခန်းများဖြစ်သည့် Electronics section၊ Oxygen generator(လုပ်ငန်းသုံး)၊ Wood Finish Section၊ Optical Section၊ Glass Blowing Section၊ Foundry Section၊ Plastics Section၊ Moulds and Dies Section၊ Machine Shop Section တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)