“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိ”
03 May
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၃ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သိရပါတယ်။ အဆိုပါရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဂျပန် နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆ သိန်းကျော်ရှိပြီး အမှန်တကယ် အစေးခြစ်ထုတ်ယူနေသည့်ဧကမှာ ရှစ်သိန်းခွဲခန့်သာရှိကြောင်း သိရပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများကို ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)တို့တွင် စိုက်ပျိုးလျက်ရှိပါတယ်။(NVS 004)
03 May