“ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဒမ်ဘီလီ ရွေးချယ်ခံရ”

02 May

PSG အသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘီလီ ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒမ်ဘီလီ ဟာ ဘိုင်ယန်မြူးနစ်အသင်းကို သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သလို ဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ လက်ရှိရာသီချန်ပီယံလိဂ် League Phase အဆင့် မှာကတည်းက ပွဲစဉ်တစ်ခုချင်းအလိုက် အကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒမ်ဘီလီ က ဆီမီးဖိုင်နယ်ရောက်မှ ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ရဲ့ အကောင်းဆုံးအသင်းကိုလည်း UEFA က ရွေးချယ်ခဲ့ပြီး PSG အသင်းက ကစားသမား ၄ ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ၃ ဦးပါဝင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အက်သလက်တီကိုအသင်းက ၂ ဦးစီ ပါဝင်ခဲ့ပါတယ်။(NVS 008)

02 May

ADVERTISE HERE .