“နယူးကာဆယ်အသင်းက တိုနယ်လီ အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်”

01 May

နယူးကာဆယ်အသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန်နီးစပ်နေသည့် ကွင်းလယ် ကစားသမား တိုနယ်လီ အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း Transfer News သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက်၂၅ နှစ်ရှိ တိုနယ်လီ ဟာ ၂၀၂၃ ခုနှစ်မှာ အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် လောင်းကစားပါဝင် ပတ်သက်မှုဖြင့် ကာလရှည်ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရသော်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီက ပြိုင်ပွဲစုံ ၄၅ ပွဲထိ ပါဝင်ကစားခဲ့ကာ အကောင်းဆုံး ခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနေသော်လည်း နယူး ကာဆယ်အသင်းအနေဖြင့် လာမည့်နှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ဖွယ်ရှိနေခဲ့လို့ အသင်းမှထွက်ခွာရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ အစောပိုင်းက တိုနယ်လီ ကို ဂျူဗင်တပ်အသင်းကခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း နယူးကာဆယ်အသင်းရဲ့ မြင့်မားသည့် ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူရန်ခက်ခဲနေပြီး လက်ရှိတွင် ပရီးမီးယားလိဂ်ထိပ်တန်းကလပ် အသင်းများဖြစ်သည့် အာဆင်နယ်၊ မန်ယူအသင်းတို့အပြင် စပိန်လာလီဂါထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကလည်း အပြိုင်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။(NVS 008)

01 May

ADVERTISE HERE .