“အေစီမီလန်အသင်းက အန်ကူကူ ကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်”
01 May
အေစီမီလန်အသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် တိုက်စစ်ကစားသမား အန်ကူကူ ကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အေစီမီလန်အသင်းက ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက အန်ကူကူ ကို ချဲလ်ဆီး အသင်းထံမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၈ သန်းဖြင့်ခေါ်ယူခဲ့ပြီး တစ်ရာသီအကြာတွင် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အန်ကူကူ အနေနဲ့ လိုက်ပ်ဇစ်အသင်းတွင် ထိပ်တန်းအဆင့်ရှိခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်က ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ အတွက် ချဲလ်ဆီးအသင်းက အေစီမီလန်အသင်းထံ ပြန်လည်ရောင်းချခဲ့ပါတယ်။ အေစီမီလန်အသင်းတွင်လည်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး အသင်းနှင့် ၃၁ ပွဲကစားပြီးချိန်တွင် သွင်းဂိုးခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းနည်းပြ အယ်လီဂရီနီ ကိုယ်တိုင်ကလည်း ၎င်း၏ခြေစွမ်းပိုင်းကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အတွက် ရောင်းချရန်ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။(NVS 008)