“တပ်မတော်က အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်”

01 May

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အင်း‌တော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်ကို ဧပြီလ ၃၀ ရက်တွင် အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ဒေသခံပြည်သူများ၏ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီခံစစ်ပြုလုပ်ကာ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေခဲ့ပါတယ်။ တပ်မတော် စစ်ကြောင်းများက ၎င်းဒေသအား ပြန်လည်ရရှိ‌‌ရေးအတွက် ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အထိ တစ်ပတ်တာကာလ အတွင်း တိုက်ပွဲပေါင်း ၁၇ ကြိမ်ဖြစ်ပွားပြီး ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ စစ်ဆင်ရေးကာလ ၇ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်ထိတွေ့မှုများရှိခဲ့ပြီး ရန်သူထံမှ အလောင်း ၃၃ ‌လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတား များနှင့် ဌာနဆိုင်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် တပ်မတော်စစ်ကြောင်းများက ပြင်ဆင်လျက် ရှိပါတယ်။ အထူးသဖြင့် အများပြည်သူအသုံးပြုသည့် လမ်းများနှင့် အဆောက်အအုံများကြားတွင် ထောင်ထားသည့် မိုင်းများကို အမြန်ဆုံးရှင်းလင်းပေးနိုင်ရေး ‌ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒေသခံကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ပျက်စီးသွားသော စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပြီး ကျောင်းများအချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

01 May

ADVERTISE HERE .