“စက်သုံးဆီဈေးနှုန်းများကျဆင်း”
01 Mayစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက မေလ ၁ ရက်(ယနေ့)တွင် ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြို့တွင် 92 တစ်လီတာလျှင် ၄,၅၁၅ ကျပ်ဖြစ်၊ ယခင်တစ်ပတ် ထက် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ နီးပါး ကျဆင်းခဲ့ပါတယ်။ စက်သုံးဆီဈေးနှုန်းအနေဖြင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကို ၄,၅၁၅ ကျပ်၊ 95 တစ်လီတာ ကို ၄,၆၇၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၅,၂၇၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ကို ၆,၄၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိ ပါတယ်။ ယခင်အပတ်ရည်ညွှန်းစျေးနှုန်းများတွင် ရန်ကုန်၌ ဓာတ်ဆီ 92 တစ်လီတာကို ၄,၆၆၈ ကျပ်၊ 95 တစ်လီတာ ကို ၄,၉၀၉ ကျပ်၊ ဒီဇယ်တစ်လီတာကို ၅,၇၅၂ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၇,၀၁၂ ကျပ် ရှိခဲ့ပါတယ်။ ယနေ့ထုတ်ပြန်သည့် ရည်ညွှန်းစျေးမှာ ယခင်တစ်ပတ်ဈေးထက် ဓာတ်ဆီ 92 တစ်လီတာလျှင် ၁၅၃ ကျပ်၊ 95 တစ်လီတာလျှင် ၂၃၉ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၄၇၇ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၇ ကျပ် ကျဆင်း လာခဲ့ပါတယ်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ များစွာမြင့်တက် သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားရှိပါတယ်။ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့် အချိန်တွင် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်းလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။(NVS 004)