“တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိုးစပါးဧက ၁၅ သန်းအတွက် စက်သုံးဆီဖြန့်ဖြူးပေးနိုင်ရန် ပြင်ဆင်ထားရှိ”

01 May

တိုင်းဒေသကြီး/ပြည်နယ်အလိုက် နွေစပါးစိုက်ပျိုးမှုရေးတွင် မြေပြုပြင်ရန်ကျန်ရှိသော ၄၆,၈၈၇ ဧကအတွက် အသုံးပြုရန်လိုအပ်သည့် ဒီဇယ်ဆီများကို တောင်သူလယ်သမားများထံသို့ တိုက်ရိုက်ရောင်းချပေးခဲ့ပြီးဖြစ်သည့်အပြင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေသော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ စက်သုံးဆီများ စနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် ဒစ်ဂျစ်တယ် နည်းပညာအခြေပြု၍ စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါတယ်။ စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးကဏ္ဍဖြစ်သော လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီပြတ်လပ်မှုမရှိ စေရေး၊ စျေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုးသောလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး အတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများအား တစ်ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တောင်သူများထံသို့ လုပ်ငန်းခွင် အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ တောင်သူများအနေဖြင့် စက်မောင်းဆီများကို လိုအပ်သည့်အချိန်တွင် လိုအပ်သောပမာဏအတိုင်း ဝယ်ယူ နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင် များတွင် စနစ်တကျ စာရင်းရေးသွင်းရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။(NVS 004)

01 May

ADVERTISE HERE .