“အီရန်နှင့် နျူကလီးယားသဘောတူညီချက်မရမချင်း အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမည်ဟု ထရမ့် ပြော”

01 May

အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက် မရမချင်း အမေရိကန်ရေတပ်က ဆက်လက်ပိတ်ဆို့ ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီလ ၂၉ ရက်တွင်ပြောသည်။ “အခုလိုမျိုးပိတ်ဆို့ထားခြင်းက ဗုံးကြဲခြင်းထက် ပိုပြီးတော့ ထိရောက်မှုရှိပါတယ်” ဟု ထရမ့် က Axio သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောထားခြင်း ဖြစ်သည်။ ထို့ပြင် အီရန်နိုင်ငံတွင် နျူကလီးယားလက်နက်ရှိလာနိုင်မည် မဟုတ်ကြောင်း ထရမ့် က အလေးပေး ပြောထားသည်။ တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံသည် ပိတ်ဆို့ခံထားရမှုမှ လွတ်မြောက်နိုင်စေရေးအတွက် သဘောတူ ညီချက်တစ်ရပ် ရရှိလိုသည့်ဆန္ဒရှိနေကြောင်း ထရမ့် ကဆက်ပြောသည်။ “သူတို့ကတော့ ဒီကိစ္စကို ပြေလည် စေချင်နေပါပြီ။ သူတို့က ပိတ်ဆို့ခံထားရတာကို မလိုချင်ဘူးလေ။ မိမိအနေနဲ့ကလည်း သူတို့အပေါ်ပိတ်ဆို့မှုကို မဖြေလျှော့ပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားမှာကို မမြင်လို လို့ပါ" ဟု ထရမ့် ကပြောသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား သဘောတူညီချက် မရသေးသောကြောင့် ထိုအခြေအနေကို ဖိအားပေးနိုင်ရေးအတွက် ရေတိုနှင့်ပြင်းထန်သော တိုက်ခိုက်မှုများလုပ်ရန် အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ်က အစီအစဉ်တစ်ရပ်ကို အသင့်ပြင်ဆင်ထားသည်။ သို့သော် အမေရိကန်အနေဖြင့် မကြုံဖူးသောအခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူတစ်ဦးကပြောသည်။

01 May

ADVERTISE HERE .