“ပူတင် နှင့် ထရမ့် ဖုန်းတစ်ကြိမ်ပြောရုံဖြင့် ကမ္ဘာ့ပဋိပက္ခများကို မဖြေရှင်းနိုင်ဟု ရုရှားသမ္မတရုံးထုတ်ပြန်”

01 May

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကြား ဖုန်းဖြင့်တစ်ကြိမ်စကား ပြောရုံမျှဖြင့် ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားနေသော ပဋိပက္ခများကို မဖြေရှင်းနိုင်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ဧပြီလ ၃၀ ရက်တွင်ပြောသည်။ သမ္မတ ပူတင်နှင့် သမ္မတ ထရမ့် တို့သည် ဧပြီလ ၂၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ် စကားပြောဆိုဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ကမ္ဘာ့အခြေအနေနှင့် နိုင်ငံတကာစီးပွားရေးအပေါ် သက်ရောက်နေသော ပဋိပက္ခ များမှာ များပြားပြင်းထန်လှသောကြောင့် ဖုန်းဖြင့်တစ်ကြိမ်စကားပြောရုံဖြင့် အခြေအနေများကို ချက်ချင်းရပ်တန့် ရန်ခက်ခဲကြောင်း ပက်စကော့ က သတင်းထောက်များကိုပြောသည်။ သို့သော် ရုရှားနှင့် အမေရိကန်ခေါင်းဆောင် နှစ်ဦးအကြား ဖုန်းဖြင့်ဆက်သွယ်မှုကို အလွန်လျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် ရုရှား၏ စစ်ရေးလှုပ်ရှားမှု နယ်မြေအတွင်း အောင်ပွဲနေ့အထိမ်းအမှတ် အပစ်အခတ်ရပ်စဲမည့် အချိန်အတိအကျကို သမ္မတ ပူတင် က မဆုံးဖြတ်ရသေးကြောင်း ပက်စကော့ ကပြောသည်။

01 May

ADVERTISE HERE .