“ဂျာမနီဝန်ကြီးချုပ်၏ အီရန်နှင့်စပ်လျဉ်းသော ပြောဆိုချက်အပေါ် ထရမ့် ကျေနပ်မှုမရှိ”

29 Apr

အမေရိကန်သမ္မတ ထရမ့် က ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ် ၏ မကြာသေးမီက အီရန်နှင့်စပ်လျဉ်းသော ပြောဆိုချက်အပေါ် ကျေနပ်မှုမရှိကြောင်း ဧပြီလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့် က လူမှုမီဒီယာ၌ပို့စ်တင်၍ အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတာက ပြဿနာ မရှိဘူးလို့ ဖရီးဒရစ်မက်ဇ် က ထင်ပါတယ်။ သူက ကိုယ့်ဘာသာ ဘာတွေပြောနေလဲဆိုတာတောင် သိမှာမဟုတ်ဘူး ဟု ပြောကြားခဲ့သည်။ ဂျာမနီသည် လက်ရှိတွင် စီးပွားရေးအရ ဒါမှမဟုတ် အခြားကဏ္ဍမှာပဲဖြစ်ဖြစ် သိပ်ကို ဆိုးရွားနေပါတယ်ဟု လည်း ၎င်းက ပြောကြားခဲ့သည်။ ဖရီးဒရစ်မက်ဇ် သည် ဧပြီလ ၂၇ ရက်က ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် အထက်တန်း ကျောင်းတစ်ကျောင်းတွင် အခမ်းအနားတက်ရောက်စဉ် အမေရိကန်အနေဖြင့် မည်သည့်မဟာဗျူဟာကိုမျှ ထိန်းချုပ်ထားခြင်းမရှိသည့် အခြေအနေတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်းသို့ ကျရောက်နေပြီး အီရန်၏ စော်ကားမှုခံနေရသည်ဟု ပြောကြားခဲ့သည်။ ဖရီးဒရစ်မက်ဇ် က ၎င်းအနေဖြင့် အမေရိကန်က မည်သည့်မဟာဗျူဟာမြောက် နုတ်ထွက်မှုအစီအစဉ် ရွေးချယ်မည်ကို ခန့်မှန်း၍မရကြောင်း ပြောကြားခဲ့သည်။ အီရန်သည် ဆွေးနွေးညှိနှိုင်းမှုအတွင်း အလွန် ကျွမ်းကျွမ်းကျင်ကျင်ရှိလှသည် သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုကို ငြင်းပယ်ရန် အလွန်ကျွမ်းကျင်သည်ဟု ဆိုနိုင် ကြောင်း၊ အမေရိကန်သားတွေကို အစ္စလာမ်မာဘတ်ဆီ သွားခိုင်းပြီး ဘာရလဒ်မှမရဘဲ ပြန်သွားခိုင်းတယ်ဟု ၎င်းက ဆိုသည်။ စစ်မျက်နှာစာ စတင်ဖွင့်လှစ်ပြီးနောက် နုတ်ထွက်ရန်နည်းလမ်းကို မဖြစ်မနေ ရှာတွေ့ရမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ မဟာဗျူဟာမရှိသည်မှာ သိသာထင်ရှားကြောင်း၊ အမေရိကန်က အာဖဂန်နစ္စတန်စစ်ပွဲနှင့် အီရတ်စစ်ပွဲများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အမေရိကန်နှင့် အစ္စရေးသည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုစတင်ပြီးနောက် ဂျာမနီသည် စစ်ပွဲအတွင်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ဖရီးဒရစ်မက်ဇ် က ထိုမတိုင်မီ အဆိုပါစစ်ပွဲက အမေရိကန်အပါအဝင် ဘက်အသီးသီးကို ထိခိုက်နစ်နာမှုဖြစ်စေကြောင်း၊ ဥရောပအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေတစ်ဆင့်တိုး အဆင့်မြင့် တက်လာမှုကို ရှောင်ရှားပြီး စစ်ပွဲဆောလျင်စွာအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Report from Xinhua Myanmar)

29 Apr

ADVERTISE HERE .