“တရုတ်နိုင်ငံက သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံအားလုံးကို စည်းကြပ်ခွန်ကင်းလွတ်ခွင့် ပေးအပ်မည်”

29 Apr

တရုတ်နိုင်ငံက ၎င်းနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှ စ၍ စည်းကြပ်ခွန်ကင်းလွတ်ခွင့် တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဧပြီလ ၂၈ ရက်၌ ကြေညာ ခဲ့သည်။ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဖြစ် သတ်မှတ် ခံရခြင်းမရှိသော အာဖရိကနိုင်ငံ ၂၀ အား တရုတ်နိုင်ငံက ဦးစားပေးနှုန်းထားဖြင့် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀၂၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင် ကြေညာချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံက ၎င်းနှင့်သံတမန်ဆက်ဆံရေးရှိသော ဖွံ့ဖြိုးမှုအနည်းဆုံး အာဖရိကနိုင်ငံ ၃၃ နိုင်ငံအတွက်မူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစ၍ အကောက်ခွန်လိုင်းများ၏ ၁၀၀ ရာခိုင်နှုန်းကို စည်းကြပ်ခွန်ကင်းလွတ်ခွင့် ပေးအပ်ထားပြီးဖြစ်သည်။ တိုးချဲ့လိုက်သော အဆိုပါမူဝါဒက မေလ ၁ ရက်တွင် စတင်အသက်ဝင်သည်နှင့်အမျှ တရုတ်နိုင်ငံက သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေးရှိသော ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအားလုံးတို့အား တစ်ဖက်သတ်၊ အပြည့်အဝလွှမ်းခြုံမှုရှိသော စည်းကြပ်ခွန်ကင်းလွတ်ခွင့် ပေးအပ်သည့် ပထမဆုံးသော စီးပွားရေးနိုင်ငံကြီးဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Report from Xinhua Myanmar)

29 Apr

ADVERTISE HERE .