“မန်ယူအသင်းက ကိုဘီမိုင်နူး ကို ၂၀၃၁ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို”

29 Apr

မန်ယူအသင်းက အသင်းမှ လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူး ကို ၂၀၃၁ ခုနှစ်ထိ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း ESPN သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကိုဘီမိုင်နူး ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အစောပိုင်းနှစ်များက အသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း နည်းပြဟောင်း အာမိုရင် လက်အောက်တွင် ပွဲကစားခွင့်မရရှိခဲ့လို့ အသင်းမှထွက်ခွာရန် နီးစပ်ခဲ့သူဖြစ်ပါတယ်။ သို့သော် နည်းပြ ကာရစ်လက်အောက်တွင် ကိုဘီမိုင်နူး က အဓိက ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့် ရရှိခဲ့ကာ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီးနောက် မန်ယူအသင်းက ကာလရှည်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကိုဘီမိုင်နူး အနေနဲ့ နည်းပြ ကာရစ် လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့် ရရှိနေပြီး ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး နှင့် အကောင်းဆုံးတွဲဖက်၍ ခြေစွမ်းကောင်းများကို ပြသထားနိုင် ခဲ့ပါတယ်။(NVS 008)

29 Apr

ADVERTISE HERE .