“ရာဖေးလီအို အတွက်ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်လိုက်တဲ့ အေစီမီလန်အသင်း”
29 Apr
အေစီမီလန်အသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်တန်းအသင်းများက ခေါ်ယူရန်ကြိုးပမ်းနေသည့် တိုက်စစ်ကစားသမား ရာဖေးလီအို အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်ခဲ့ကြောင်း Transfer News သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရာဖေးလီအို ဟာ ၂၀၁၉ ခုနှစ်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရို သန်း ၇၀ ဖြင့် လိုင်လီအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသထားကာ အဓိက ကစားသမားတစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး အသင်း နှင့်စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိကာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရာဖေးလီအို ကို ဥရောပထိပ်တန်းအသင်း အများစု က အပြိုင်ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိနေပြီး လက်ရှိတွင် မန်ယူအသင်းက အငှားစေလွှတ်ထားသည့် ရက်ဖို့ဒ် ကို အပြီးသတ်ရောင်းချပြီး ရာဖေးလီအို ကိုခေါ်ယူရန် ကြိုးပမ်းနေတဲ့အပြင် လီဗာပူးနှင့် ချဲလ်ဆီးအသင်းတို့ကလည်း အပြိုင်ကမ်းလှမ်းဖွယ်ရှိနေခဲ့လို့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)