“ဗလာဟိုဗစ် ကို ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်အပြိုင်ကြိုးပမ်း”

29 Apr

ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်အသင်းမှ တိုက်စစ်မှူး ဗလာဟိုဗစ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြောင်း Transfer News သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗလာဟိုဗစ် ဟာ ၂၀၂၁ ခုနှစ်မှာ ဖီအိုရင်တီးနားမှ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဂျူဗင်တပ် အသင်းက ဗလာဟိုဗစ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုတဲ့အတွက် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို ရန် ကြိုးပမ်းခဲ့သော်လည်း ဗလာဟိုဗစ် ကိုယ်တိုင်က အသင်းမှထွက်ခွာလိုသဖြင့် စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချ ခဲ့ပြီး ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီအကုန်တွင် တိုက်စစ်မှူး လီဝမ်ဒေါစကီး က အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ရှိနေတာကြောင့် ၎င်းရဲ့နေရာတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် ဗလာ ဟိုဗစ် ကို ကြိုးပမ်းနေသလို ဘိုင်ယန်မြူးနစ်အသင်းကလည်း အငှားစာချုပ်ဖြင့်ခေါ်ယူထားတဲ့ ဂျက်ဆင် ကို ချဲလ်ဆီးအသင်းထံသို့ ပြန်လည်စေလွှတ်မှာဖြစ်လို့ ဗလာဟိုဗစ် ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။(NVS 008)

29 Apr

ADVERTISE HERE .