“ရက်ဖို့ဒ် ကို အငှားစာချုပ်ဖြင့် ဆက်လက်ခေါ်ယူရန် မန်ယူနှင့် ဘာစီလိုနာအသင်း ဆွေးနွေး”

29 Apr

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် ရက်ဖို့ဒ် ကို နောက်ထပ်တစ်ရာသီ အငှားစာချုပ်ဖြင့် ဆက်လက်ခေါ်ယူနိုင်ရန် မန်ယူအသင်းနှင့် ဆွေးနွေးနေကြောင်း Goal.com သတင်းဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းမှာ ဘာစီလိုနာအသင်းက ရက်ဖို့ဒ် ကို မန်ယူအသင်းသို့ ပြန်လည်စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း အသင်းနည်းပြ ဖလစ် က ၎င်း၏နည်းစနစ်ပိုင်းတွင် ရက်ဖို့ဒ် က အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေတာကြောင့် နောက်ထပ်တစ်ရာသီ ဆက်လက်ထားရှိရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ရက်ဖို့ဒ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၅ ပွဲ၌ သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ရက်ဖို့ဒ် ရဲ့ ကနဦးအငှားစာချုပ်တွင် အပြီးသတ် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြင့် ခေါ်ယူနိုင်သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ခေါ်ယူနိုင်ခြင်းမရှိဘဲ နောက်ထပ်တစ်ရာသီကို အငှားစာချုပ်ဖြင့် ဆက်လက်ခေါ်ယူနိုင်ရန် မန်ယူအသင်းတာဝန်ရှိသူများနှင့် ဆက်လက် နွေးဆွေးခဲ့ပြီး အသင်းတွင် ဆက်လက်ထားရှိနိုင်ရေး ကြိုးပမ်းနေကြောင်းသိရပါတယ်။(NVS 008)

29 Apr

ADVERTISE HERE .