“အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးနှင့်ပတ်သတ်ပြီး နည်းပြ ကာရစ် နှင့် ပူးတွဲအသင်းပိုင်ရှင် ရက်ကလစ် တို့ ဆွေးနွေး”
29 Apr
မန်ယူအသင်းပူးတွဲပိုင်ရှင် ရက်ကလစ် က အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးနှင့်ပတ်သက်ပြီး ယာယီနည်းပြ ကာရစ် နှင့် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များ မတည်မငြိမ်ဖြစ်နေစဉ် နည်းပြ အာမိုရင် ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ရာသီကုန်ထိ ယာယီနည်းပြအဖြစ် အသင်းကစားသမားဟောင်း ကာရစ် ကို တာဝန်ပေးအပ် ခဲ့ခြင်းဖြစ်ပါတယ်။ အစောပိုင်းမှာ မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီအကုန်ထိ ကာရစ် ကို ယာယီနည်းပြအဖြစ်သာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရာသီအကုန်တွင် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်ရန်ပြင်ဆင်ထားခဲ့ပါတယ်။ နည်းပြ ကာရစ် လက်အောက်တွင် မန်ယူအသင်းဟာ ရလဒ်များဆက်တိုက်ကောင်းမွန်လာခဲ့ပြီးနောက် ပူးတွဲအသင်းပိုင်ရှင် ရက်ကလစ် က ကာရစ် ကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။(NVS 008)