ကုန်ဈေးနှုန်းသတင်း ၂၈.၄.၂၀၂၆

28 Apr

ဧပြီလ ၂၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲလွန်းနီနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲကြီးနဲ့ ပြောင်းဆန်ဈေးတွေ ကတော့ အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြားနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၆,၇၅၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၃၃၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၉၀ ကျပ်ကနေ ၅,၁၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၄,၉၆၄ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၅၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၁၃၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၁,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၈၃၅ ကျပ်၊ ကြက်သွန်နီ(ဆိတ်ဖြူ) တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၂,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၄၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၃၃,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၆၆၈ ကျပ်၊ မန္တလေးမှာ ၄,၈၅၅ ကျပ်၊ နေပြည်တော်မှာ ၄,၇၉၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၉၀၉ ကျပ်၊ မန္တလေးမှာ ၅,၀၉၀ ကျပ်၊ နေပြည်တော်မှာ ၅,၀၃၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၇၅၂ ကျပ်၊ မန္တလေးမှာ ၅,၉၃၀ ကျပ်၊ နေပြည်တော်မှာ ၅,၈၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၇,၀၁၂ ကျပ်၊ မန္တလေးမှာ ၇,၂၀၅ ကျပ်၊ နေပြည်တော်မှာ ၇,၁၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၅၅၀,၀၀၀ိ/-) တစ်ရာ ငါးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

28 Apr

ADVERTISE HERE .