“လိဂ်ချန်ပီယံရှစ် ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ကိုဗင်ထရီအသင်း”

28 Apr

ကိုဗင်ထရီအသင်းဟာ ရက်ဆမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ လိဂ်ချန်ပီယံရှစ် ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ကိုဗင်ထရီအသင်းဟာ ၂၀၂၅-၂၆ ရာသီလိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရာသီအဆုံးသတ်ဖို့ ၃ ပွဲအလိုမှာကတည်းက ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ သေချာခဲ့ပြီး ၂ ပွဲအလိုမှာ ချန်ပီယံဖြစ်ဖို့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ပတ် နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ရက်ဆမ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိတာကြောင့်လည်း အောင်ပွဲခံအခမ်းအနားက ပိုပြီးပြည့်စုံသွားခဲ့ပါတယ်။ ကိုဗင်ထရီအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို နှစ်ပေါင်း ၂၅ နှစ်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး ဒုတိယနေရာကနေ တိုက်ရိုက်တန်းတက်ခွင့်ရမယ့်အသင်းကတော့ အဖြေမထွက်သေးပါဘူး။ လက်ရှိမှာ အစ်ဝစ်ချ် အသင်းက အလားအလာအကောင်းဆုံးဖြစ်နေပေမယ့် နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။ ကိုဗင်ထရီနည်းပြ လမ်းပတ် ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ တည်မြဲအောင် စွမ်းဆောင် နိုင်ဖို့အတွက် နွေရာသီမှာ အသင်းကို ပြုပြင်တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

28 Apr

ADVERTISE HERE .