“တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဒီမာကို”

28 Apr

အင်တာမီလန်အသင်းရဲ့ ဘယ်နောက်ခံလူ ဒီမာကို ဟာ စီးရီးအေမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီမာကို ဟာ တိုရီနိုအသင်းနှင့် အင်တာမီလန်အသင်းတို့ သရေကျတဲ့ပွဲစဉ်မှာ အင်တာမီလန်အသင်း သွင်းယူခဲ့တဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပြီး လက်ရှိရာသီ စီးရီးအေမှာ ဂိုးဖန်တီးမှု ၁၇ ဂိုး ရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀ ရာသီတုန်းက အတ္တလန်တာကစားသမား ပါပူဂိုးမက်ဇ် တင်ထားခဲ့တဲ့ ဂိုးဖန်တီးမှု ၁၆ ဂိုး စံချိန်ကို ကျော်ဖြတ်ပြီး ဒီမာကို က စံချိန်တင်သစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမာကို ဟာ အင်တာမီလန်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပေမယ့် ၂၀၁၇ နွေရာသီမှာ ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ နွေရာသီကမှ အင်တာမီလန်အသင်းကို ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမာကို ဟာ ၂၀၂၁-၂၂ ရာသီကစတင်ကာ အင်တာမီလန်အသင်းရဲ့ အမာခံကစားသမား အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ သွင်းဂိုးတွေရော ဖန်တီးမှုတွေနဲ့ပါ ခြေစွမ်းပြနေတာဖြစ်ပါတယ်။ (NVS 008)

28 Apr

ADVERTISE HERE .