“ချဲလ်ဆီးနဲ့ သတင်းထွက်နေပေမဲ့ လာမယ့်ရာသီ ပေါ်တိုအသင်းမှာ ဆက်ရှိမယ်လို့ဆိုတဲ့ ဖာရီအိုလီ”
28 Apr
ပေါ်တိုအသင်းရဲ့နည်းပြ ဖာရီအိုလီ က ချဲလ်ဆီးအသင်းနဲ့ သတင်းထွက်နေပေမယ့် လာမယ့်ရာသီ ပေါ်တိုအသင်းမှာ ဆက်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုစီနီယာ ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ မက်ဖာလိန်း ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး လာမယ့်နွေရာသီမှာ နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ အသက် ၃၇ နှစ်သာရှိသေးတဲ့ ဖာရီအိုလီ ဟာ နိုက်စ် နဲ့ အေဂျက်စ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပေါ်တိုအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပါတယ်။ ဖာရီအိုလီ ဟာ ဒီရာသီမှာ ပေါ်တိုအသင်းကို ပေါ်တူဂီအမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ဖို့ နီးစပ်နေတာကြောင့် ချဲလ်ဆီးအသင်းက နည်းပြသစ်လျာထားစာရင်းထဲ ထည့်သွင်းထားတာဖြစ်ပြီး ဖာရီအိုလီ က ပေါ်တိုအသင်းနဲ့ ယူရိုသန်း ၂၀ တန် လျော်ကြေးစာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။ (NVS 008)
28 Apr