“၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်အတွက် အသင်း ၉ သင်း အဖြေထွက်”

28 Apr

လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ချန်ပီယံလိဂ်အတွက် ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း ၉ သင်း အဖြေထွက်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆-၂၇ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ အသင်း ၃၆ သင်း ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး လက်ရှိ အဖြေပေါ်သွားတဲ့အသင်းတွေကတော့ အာဆင်နယ်၊ မန်စီးတီး၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ PSG နဲ့ PSV တို့ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်အတွက် ဝင်ခွင့်ခွဲတမ်းကို လိဂ်အလိုက် သတ်မှတ်ပေးထားပြီး အသင်း ၉ သင်းက သက်ဆိုင်ရာလိဂ်အလိုက် ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ကြတာ ဖြစ်ပါတယ်။ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ အင်္ဂလန်ကလပ် ၅ သင်း ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အီတလီ၊ စပိန်နဲ့ ဂျာမနီက ၄ သင်းစီ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ အပိုထပ်ဆောင်း တစ်နေရာအတွက်တော့ စပိန်နဲ့ ဂျာမနီတို့ အပြိုင်ဖြစ်နေပါတယ်။ (NVS 008)

28 Apr

ADVERTISE HERE .