“မြန်မာ - ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပပြုလုပ်မည်”
28 Apr
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ ကျင်းပမယ့် မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်တဲ့ နက္ခမင်း၊ ကမ္ဘာရှား၊ အဲမွီ၊ အောင်ခိုင်တို့ ပါဝင်ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာ - ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီလ ၂၈၊ ၂၉ ရက်များမှာ နေ့လယ် ၁၁ နာရီမှစတင် ကျင်းပ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပြိုင်ပွဲမှာ ၇ သိန်းအောင်လံ၊ ၁၀ သိန်းအောင်လံပွဲများ အပါအဝင် ၃ ချီ၊ ၄ ချီ၊ ၅ ချီနဲ့ နယ်မြေခံအထူးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ ၂၈ ရက်မှာ မြန်မာ - ထိုင်း တွဲဆိုင်း ၄ ဆိုင်းအပါအဝင် တွဲဆိုင်ပေါင်း ၁၂ ဆိုင်းနှင့် ဧပြီလ ၂၉ ရက်မှာ မြန်မာ - ထိုင်း တွဲဆိုင်း ၄ ဆိုင်းအပါအဝင် တွဲဆိုင်ပေါင်း ၉ ဆိုင်းတို့ ကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS 008)
28 Apr