“လုပ်ငန်းရှင်များကို ပို့ကုန်များ တိုးမြှင့်တင်ပို့ပေးရန်တိုက်တွန်း”
28 Apr
နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ အထည်ချုပ်နှင့် စက်မှုကုန်ချော အစရှိသည့် ပို့ကုန်များကို တိုးမြှင့်တင်ပို့ပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မှ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ လုပ်ငန်းရှင်များကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေးကွက်များ ချဲ့ထွင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ စီးပွားရေးသံမှူး များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း ဧပြီလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန် တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အခြေခံကျတဲ့ အုတ်မြစ်တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရာမှာ ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့ရန် လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ မဖြစ်မနေ လိုအပ်သော ကုန်ကြမ်းများ၊ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို စနစ်တကျစိစစ် တင်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)