“တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်”

28 Apr

ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည် တည်ဆောက်နေခြင်းဖြစ်ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန် အတွက် ဒုဋ္ဌဝတီတံတားတည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တ‌လေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများတဲ့ ရန်ကုန်– မန္တလေးအမြန်လမ်းရှိ ဒုဋ္ဌဝတီတံတားအသစ်ပြန်လည်တည်ဆောက်ခြင်းနှင့်လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက် နေတဲ့အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးရာမှာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွား ပြည်သူများ တံတားဦး – ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းမှာ အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ်ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါတံတားပြီးစီးသည်နှင့်တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေး သို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဟန်ချက်ညီစွာ ပြီးစီးစေရေး လမ်းပိုင်းအလိုက်တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .