“တနင်္သာရီတိုင်းဒေသကြီးမှာ ပုံမှန်ထက် ၄ ဒီဂရီပိုပူလာပြီး မြောက်ပိုင်းဒေသများမှာ အပူချိန်ပြန်ကျနေ”

28 Apr

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့မှာ အပူရှိန်ဆက်လက်မြင့်တက် နေပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူးမြို့ရဲ့ အပူချိန် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အပူဆုံးမြို့အဖြစ် စံချိန်တင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဧပြီလ ၂၇ ရက်တိုင်းထွာချက်များအရ ဒေသအလိုက် အပူချိန်ပြောင်းလဲမှုမှာ ထူးခြားလျက်ရှိပြီ တနင်္သာရီတိုင်းဒေသကြီးမှာ ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၄ ဒီဂရီဆဲစီးယပ်ခန့် ပိုခဲ့ပြီး၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် ၂ ဒီဂရီဆဲစီးယပ်ခန့် ပိုမိုပူပြင်းခဲ့ပါတယ်။ မိုးရွာသွန်းမှုများရှိခဲ့တဲ့ ကချင်ပြည်နယ်မှာ ပုံမှန်ထက် ၅ ဒီဂရီဆဲစီးယပ်ခန့်အထိ သိသိသာသာ လျော့နည်းသွားသလို၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှာ အပူချိန် ၂ ဒီဂရီမှ ၄ ဒီဂရီဆဲစီးယပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့အပူချိန်တိုင်းတာချက်များအရ ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိနေခဲ့တဲ့ မြို့များမှာ မင်းဘူးမြို့တွင် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့ တွင် ၄၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ၊ တောင်ငူမြို့တွင် ၄၁ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ချောက်မြို့ တွင် ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့ တွင် ၄၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် ကော့ကရိတ်၊ ရွှေကျင်၊ အောင်လံမြို့တို့တွင်လည်း ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .