“မြန်မာအမျိုးသားလေကြောင်း (MNA)က မြိတ်-ထားဝယ်-မြိတ် ခရီးစဉ်သစ် စတင်ပြေးဆွဲ”
28 Apr
ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ပိုမိုမြန်ဆန်ချောမွေ့စေရန်အတွက် မြန်မာအမျိုးသားလေကြောင်းမှ L 410 လေယာဉ်ငယ်များနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးစဉ်သစ်များကို တိုးချဲ့ပျံသန်းနေပြီဖြစ်ကြောင်း သိရပါတယ်။ ခရီးစဉ်များအနေနဲ့ မြိတ် - ထားဝယ် - မြိတ် ခရီးစဉ်ဟာ ကြာချိန် မိနစ် ၅၀ ဝန်းကျင် (တစ်ကြောင်းစာ) ကြာမြင့်မည် ဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ ၂၆ ရက်နံနက် ၈ နာရီအချိန်မှာ မြိတ်မှထားဝယ်သို့ ခရီးသည် ၁၄ ဦးနဲ့ ထွက်ခွာခဲ့ပြီး ၎င်းနေ့မှာပဲ နံနက် ၁၀ နာရီအချိန်မှာ ထားဝယ်မှ မြိတ်သို့ ခရီးသည် ၁၆ ဦးနဲ့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ MNA အနေနဲ့ မြိတ်မြို့ကို အခြေပြု၍ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့လည်းကောင်း၊ ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ် မာန်အောင်နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း ပျံသန်းပြေးဆွဲပေးလျက် ရှိကြောင်း သိရပါတယ်။ (NVS 004)
28 Apr