“တောင်ဒဂုံမြို့ရှိ ဆောက်လုပ်ဆဲဆေးရုံ ဆောက်လုပ်ခြင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်ပေး”

28 Apr

တောင်ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ဆဲလုပ်ငန်းရပ်တန့်နေသောဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ် ခြင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကွင်းဆင်းလေ့လာကာ စတင်နိုင်ရေးဆောင်ရွက်နေကြောင်း သိရပါတယ်။ အဆိုပါဆေးရုံကြီးက မြို့နယ်အတွင်းရှိ လူဦးရေ ၃၅၀,၀၀၀ ကျော်အပြင် ဆက်စပ်မြို့နယ်များ၊ နီးစပ်ရာ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာများမှ ကျန်းမာရေးအားကိုးအားထားရာ ဆေးရုံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူနာ များကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်စေရန်အတွက် လုပ်ငန်းရပ်တန့်နေသောဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ရန် လိုအပ်နေခြင်း ဖြစ်ပါတယ်။ ဆောက်လုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .