“ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်အခမဲ့ပညာရေးကျောင်းအတွက် ကျောင်းသားလက်ခံတော့မည်”
28 Apr
မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများ၊ နွမ်းပါးသော မိသားစုမှ ကလေးများကို အခမဲ့နေစားငြိမ်း ပညာသင်ကြားပေးနေတဲ့ ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခမဲ့ပညာကျောင်းကို ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြု ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒါ့အပြင်ကျောင်းမှာ သာသနာ့နယ်မြေစည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော် ကို လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရပါတယ်။ ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများကို ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်အောက်တွင် အေးချမ်းစွာ သင်ကြားနိုင်ရန် စားဝတ်နေရေးအတွက်လည်း ကျောင်းဘက်မှ တာဝန်ယူဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။ (NVS 004)