“ကွင်းသစ်မှာ နိုင်ပွဲမရသေးတဲ့ အင်တာမိုင်ယာမီအသင်း”

27 Apr

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ကွင်းသစ် Nu Stadium မှာ နယူးအင်္ဂလန်ရီဗော်လူးရှင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အိမ်ကွင်းနိုင်ပွဲမရသေးဘဲ ဖြစ်နေပါတယ်။ အဆိုပါပွဲစဉ်မှာ နယူးအင်္ဂလန်ရီဗော်လူးရှင်းအသင်းက ပွဲချိန် ၅၆ မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲပြီးခါနီး ပွဲချိန် ၈၆ မိနစ်မှာ ဆွာရက်ဇ် က အင်တာမိုင်ယာမီအသင်းအတွင် ချေပဂိုး ပြန်လည်သွင်းနိုင်ခဲ့တာကြောင့် သရေကျခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းမှာ အသင်းခေါင်းဆောင် မက်ဆီ၊ ဆွာရက်ဇ်နဲ့ ဒီပေါလ် တို့ ပွဲထွက် ကစားခဲ့ကြ ပါတယ်။ အင်တာမိုင်ယာမီဟာ အခုပွဲမတိုင်မီ အော်စတင်၊ နယူးယောက်ရက်ဘူးလ်တို့နဲ့ အိမ်ကွင်းမှာ သရေကျထားခဲ့ပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .