“FA ဖလားဗိုလ်လုပွဲ ရောက်ရှိတဲ့အတွက် စိတ်သက်သာရာရခဲ့တယ်လို့ဆိုတဲ့ ချဲလ်ဆီးယာယီနည်းပြ မက်ဖာလိန်”

27 Apr

ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြ မက်ဖာလိန်း က FA ဖလားဗိုလ်လုပွဲရောက်ရှိတဲ့အတွက် စိတ်သက်သာ ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ FA ဖလားဆီမီးဖိုင်နယ်မှာ လိဒ်စ်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် FA ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ မက်ဖာလိန် ဟာ ဧပြီလ ၂၂ ရက်ကမှ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ရတာဖြစ်ပြီး ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းကို နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုစီနီယာ လက်ထက် ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၇ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ မေလ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .