“နိုင်ဂျီးရီးယားလက်ရွေးစင် ကစားသမားဟောင်းတစ်ဦး ကွင်းအတွင်း လဲကျသေဆုံး”
27 Apr
နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အီနယ်ရာမို ဟာ ခြေစမ်းပွဲတစ်ခုမှာ ကွင်းအတွင်း လဲကျသေဆုံးခဲ့တယ်လို့ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်(NFF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အသက် ၄၀ နှစ် အရွယ် အီနယ်ရာမို ဟာ နှလုံးရောဂါသံသယနဲ့ သေဆုံးဖွယ်ရှိတယ်လို့ ရေးသားခဲ့ပါတယ်။ အီနယ်ရာမို ဟာ ပြီးခဲ့တဲ့သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာမြို့မှာကစားတဲ့ ခြေစမ်းပွဲ ဒုတိယပိုင်းအစ ငါးမိနစ်မှာပဲ အီနယ်ရာမို လဲကျခဲ့တာဖြစ်ပါတယ်။ အီနယ်ရာမို ဟာ နိုင်ဂျီးရီးယားအသင်းအတွက် ၁၀ ပွဲကစားကာ သုံးဂိုးသွင်းခဲ့ပြီး ၂၀၁၁ ခုနှစ်က လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားခဲ့တာဖြစ်တယ်။ ကစားသမားဘဝမှာ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ဆော်ဒီအာရေဗျ၊ တူကီယဲရ်နဲ့ ဆိုက်ပရပ်စ်ကလပ်တွေမှာ ကစားခဲ့ပြီး အသက် ၃၃ နှစ်အရွယ်မှာ ကစားသမားဘဝကို အနားယူခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
27 Apr