“ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အထူးထုတ်စာပို့တံဆိပ်များ ရောင်းချပေးမည်”
27 Aprဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် နှစ်ရာ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် (၇)မျိုးရောင်းချပေးမယ်လို့ သိရပါတယ်။ အဆိုပါတံဆိပ်ခေါင်းများကို ဧပြီလ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ကိုးနာရီခွဲမှစ၍ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာမင်္ဂလာအခမ်းအနား၏ အထိမ်းအမှတ်ပစ္စည်းအရောင်းဆိုင်နှင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးများတွင် စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ တံဆိပ်ခေါင်းသစ် ၇ မျိုးကို သာသနာရေးဝန်ကြီးဌာနမှ အတည်ပြုထားပြီး ဓာတ်ပုံဒီဇိုင်း ဦးအောင်ဇော်မြတ် (ကျော့သီသ)မှ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ စီမံဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးများမှာ ဧပြီလ ၃၀ တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ်များ(Firstday cover)များပေါ်၌ နေ့စွဲ အမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမှာဖြစ်ပါတယ်။ (NVS 008)