“ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိ”

27 Apr

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးအတွက် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိပြီး ပြတိုက် အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ထားသောအဆောက်အအုံ၊ ရေကန်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ကြမ်းခင်း/နံရံနေရာများမှာ Epoxy Mortar နဲ့ ပြုပြင်ခြင်း၊ ပြတိုက်အမိုး၊ ပြတိုက်အတွင်း မျက်နှာကြက်၊ လှေကား၊ ကျွန်းသစ်သားနံရံများ၊ ကျွန်းသစ်သားအခင်းများ၊ ဝရန်တာ များ၊ ကျွန်းတံခါး၊ ပြတင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်တာများကို မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး အဆောက်အဦဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအင်ဂျင်နီယာချုပ်က လုပ်ငန်းလျာထားချက် အတိုင်း မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ပြတိုက်အမိုးများ၊ ကျွန်းသစ်သားမျက်နှာကြက်များ၊ ကျွန်းသစ်သားကြမ်းခင်းများ၊ သစ်သားတိုင်/ရက်မများ၊ ကျွန်းသစ် သား‌လှေကားများ၊ ကျွန်းပြတင်းတံခါးများ၊ အဆောက်အအုံ၏နံရံနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများ၊ အတွင်းလျှပ်စစ်မီးကြိုးနှင့် မီးခလုတ်၊ မီးလုံးများ ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဖြည့်စွက်ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အကြီးစားပြုပြင်ခြင်းလုပ်ငန်းများကို သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ရှေးမူလက်ရာမပျက် စနစ်တကျပြုပြင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဗိသုကာကောင်စီတို့က ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .