“ဧရာဝတီတံတား(ရတနာပုံ)ကို ၄၅ တန်ကားများဖြတ်သန်းခွင့်ရပြီဖြစ်”

27 Apr

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့တဲ့ ဧရာဝတီတံတား(ရတနာပုံ)ကို ပြန်လည် ပြင်ဆင်ပြီးချိန်မှစ၍ ကားများအား တန်ချိန်သတ်မှတ်ချက်အဆင့်ဆင့် တိုးမြှင့်ဖြတ်သန်းခွင့်ပြုခဲ့ရာမှ လက်ရှိအချိန်မှာ Load Test စစ်ဆေးကာ ၄၅ တန်ကားများကိုပါ ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း သိရပါတယ်။ ဧရာဝတီတံတား(ရတနာပုံ)က မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရေလယ်တိုင်ရှိ Gusset Plate များ၊ သံပေါင်ရှိ Inclined Member များ၊ Bearing များပျက်စီးခဲ့၍ စစ်ဆေးပြီးချိန်တွင် ကနဦးအနေဖြင့် (ကုန်+ယာဉ်) ၁၅ တန်ကိုစတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ပထမအဆင့်ပြင်ဆင်မှုအနေနဲ့ သံပေါင်ချုပ်တန်းများ၊ Gusset Plate များလဲလှယ်ပြီး၍ Load Test စစ်ဆေးပြီးနောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင်(ကုန်+ယာဉ်) ၂၅ တန်အထိ တိုးမြှင့်ဖြတ်သန်းခွင့်ပြုပေးခဲ့ကာ လက်ရှိအချိန်မှာ ဒုတိယအဆင့်ပြင်ဆင်ပြီး၍ Load Test စစ်ဆေးပြီး (ကုန်+ယာဉ်) ၄၅ တန်အထိ တိုးမြှင့်ဖြတ်သန်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်ပြီးတံတားကြီး၏ မူလခွင့်ပြုထားသော တန် ၆၀ အထိ ပြန်လည်ခွင့်ပြုပေးနိုင်ရန် ပျက်စီး သွားသော Bearings လဲလှယ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက် နေခြင်းနှင့် ၄၅ တန်အထိ ကုန်တင်ယာဉ်များနှင့် ဆီသယ်ယာဉ်များ စတင်ဖြတ်သန်းသွားလာမှုတို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီလ ၂၅ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .