“ထားဝယ်လေဆိပ်၏ လေယာဉ်ပြေးလမ်းကို Airbus A 319 လေယာဉ်များပြင်ဆင်နေ”

27 Apr

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်၏ လေယာဉ်ပြေးလမ်းကို Airbus A 319 လေယာဉ်များအထိ ဆင်း/တက်နိုင်ရန် ဘေးနှစ်ဖက်ကို ၂၅ ပေစီတိုးချဲ့ပြီး နိုင်လွန်ကတ္တရာထပ်ပိုးလွှာ ၄ လက်မ ထုခင်းနေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ပြောကြားချက်အရ သိရပါတယ်။ ဧပြီလ ၂၆ ရက်နံနက်ပိုင်းကကျင်းပတဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းမှ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ပေးမည့် L410 Turbolet အမျိုးအစား XYAMX လေယာဉ်နဲ့ လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ Embra လေယာဉ်အဆင့်အထိ ဆင်းသက်နေတဲ့ ထားဝယ်လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းကို AirbusA 319 လေယာဉ်များအထိဆင်း/တက်အသုံးပြုနိုင်ရန် ဘေးနှစ်ဖက်ကို ၂၅ ပေစီတိုးချဲ့ပြီး နိုင်လွန်ကတ္တရာထပ်ပိုးလွှာ ၄ လက်မထုခင်းနေကာ လေဆိပ် Terminal ကိုလည်း ၁ နှစ်လျှင် ခရီးသည် တစ်သန်းခွဲအထိ ဝင်ထွက်အသုံးပြုနိုင်သော လေဆိပ် ၂ ထပ်အဆောက်အအုံ၊ လေယာဉ်ရပ်နားရန်နေရာတိုးချဲ့ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ ထို့အတူ Embra လေယာဉ်အဆင့်အထိဆင်း/တက်နေသည့် မြိတ်လေယာဉ်ကွင်း(အလျားပေ ၉,၀၀၀၊ အကျယ်၂၀၀ ပေ)ကို Airbus A 319 လေယာဉ်များဆင်း/တက်နိုင်သည်အထိ နိုင်လွန်ကတ္တရာထပ်ပိုးလွှာ ၄ လက်မ ခင်းပေးခဲ့ပြီးဖြစ်ရာ လေဆိပ် Terminal ကို ၁ နှစ် ခရီးသည် ၁ သန်းခွဲအထိ ဝင်/ထွက်အသုံးပြုနိုင်တဲ့ လေဆိပ် ၂ ထပ် အဆောက်အအုံလုပ်ငန်း၊ လေယာဉ်ရပ်နားရန် နေရာတိုးချဲ့ခြင်းတို့ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကော့သောင်းလေဆိပ်၏ လက်ရှိလေယာဉ်ပြေးလမ်း (အရှည်ပေ ၆,၀၀၀၊ အကျယ်‌ပေ ၁၅၀)မှ (အရှည်ပေ၈,၀၀၀)အထိတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .