“ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပမည်”
27 Apr
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးမှာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနားကို ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်အထိ ၃ ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ ၃၀ ရက်နံနက် ၈ နာရီတွင် မဟာမင်္ဂလာဖွင့်ပွဲအခမ်းအနား၊ မေလ ၁ ရက်နံနက် ၉ နာရီတွင် စာတမ်းဖတ်ပွဲအခမ်းအနား၊ မေလ ၂ ရက်နံနက် ၉ နာရီတွင် မဟာမင်္ဂလာပြီးမြောက်ခြင်းအခမ်းအနားတို့ကို ဆင်ယင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုကျင်းပရာမှာ ဧပြီလ ၂၈ ရက်တွင် ကြိုတင်ဇာတ်တိုက်လေ့ကျင့် မည်ဖြစ်ကာ မဟာမင်္ဂလာအခမ်းအနားမှာ အထိမ်းအမှတ်အထူးပြပွဲ၊ ဓာတ်ပုံပြခန်း၊ ရုပ်တုများခင်းကျင်းပြသပွဲ၊ ဥာဏ်စမ်းပဟေဋိပြိုင်ပွဲတို့ကိုလည်းထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများထုတ်ဝေရာမှာ ဆဋ္ဌသင်္ဂါယနာတင် ၃၁ အုပ်ကို Screan ဖတ်၍ အုပ်ရေ ၅၀၀ ခင်းကျင်းပြသခြင်း၊ တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်၊ ပြက္ခဒိန်များထုတ်ဝေခြင်း၊ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် ပူဇော်ဖျော်ဖြေခြင်းများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)