“လေယာဉ်များ ပြုပြင်ထိန်းသိမ်းရာမှာ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန်တိုက်တွန်း”

27 Apr

လေယာဉ်များဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများက အရေးကြီး ကြောင်းနှင့် တာဝန်ယူဆောင်ရွက်တဲ့ အင်ဂျင်နီယာများအနေနဲ့ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တိတိကျကျ လိုက်နာစစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ပြောကြားခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းပျံသန်းမှုလုပ်ငန်းဌာန သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက လေယာဉ်အပိုပစ္စည်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဌာနခွဲများအလိုက် အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံခန့်ခွဲမှုပြုလုပ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ နေ့စဉ်ဆင်းသက်လျက်ရှိသော လေယာဉ်များကို မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝဝန်ဆောင်မှု ပေးနိုင်ရေး၊ ဌာနရှိယန္တရားများ အစဉ်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို အစီအစဉ်ရေးဆွဲချမှတ်ကာ ဆောင်ရွက်သွားရန်၊ ယန္တရားများ ကိုင်တွယ်မောင်းနှင်တဲ့ဝန်ထမ်းများ ကျွမ်းကျင်မှုရှိစေရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မွမ်းမံသင်တန်းများကို သတ်မှတ်ကာလအတိုင်း စနစ်တကျသင်ကြားဖွင့်လှစ် ပို့ချသွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .