“ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုအတွက် ရေပန်းစားနေသည့် ကစားသမားငါးဦးစာရင်း ထွက်ပေါ်”

25 Apr

ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီပြီးဆုံးရန် ငါးပွဲအလိုတွင် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသည့် ကစားသမားငါးဦးစာရင်း ထွက်ပေါ်လာခဲ့ပြီး မန်စီးတီးအသင်းမှ ကစားသမားနှစ်ဦး၊ အာဆင်နယ်အသင်းမှ ကစားသမားနှစ်ဦး၊ မန်ယူအသင်းမှ ကစားသမားတစ်ဦးတို့ ပါဝင်ခဲ့ကြောင်း Sports Illustrated သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမားစာရင်းတွင် မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် က တစ်ရာသီ အတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်ဖြစ်သည့် ၁၈ ကြိမ်ဖြင့် တစ်နှစ်တာအကောင်းဆုံးဆုရရှိရန် ရေပန်းစားနေပြီး ၎င်းနောက်တွင် အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက် က ယခုနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းကို ရလဒ်ကောင်းများရရှိအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် တစ်နှစ်တာ အကောင်းဆုံးဆုရရှိရန် ရေပန်းစားနေခြင်း ဖြစ်ပါတယ်။ အလားတူ တိုက်စစ်မှူး ဟာလန်း က မန်စီးတီးအသင်းကို ၎င်း၏သွင်းဂိုးများဖြင့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်သို့ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သလို အသင်းဖော်တိုက်စစ်မှူး ဆီမီညို ကလည်း အသင်းအတွက် တိုက်စစ်ပိုင်းတွင် အကောင်းဆုံးစွမ်းဆောင်၍ ယခုနှစ်ဘောလုံးရာသီ၌ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုး သွင်းယူ၍ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ၎င်းနောက်တွင် အာဆင်နယ်အသင်း ခံစစ်ကစားသမား ဂါဘရီရယ် က အာဆင်နယ်အသင်း ခံစစ်ပိုင်းကို အကောင်းဆုံးကာကွယ်၍ အသင်းကို ပေးဂိုးအနည်းဆုံးဖြစ်အောင် စွမ်းဆောင်ခဲ့ကာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုအတွက် ရေပန်းစားနေသည့် စာရင်းတွင် ပါဝင်လာခဲ့ပါတယ်။(NVS 008)

25 Apr

ADVERTISE HERE .