“အေစီမီလန်အသင်းက ပူလီဆစ် အား စာချုပ်သစ်ချုပ်ဆိုရန်စီစဉ်”
25 Apr
အေစီမီလန်အသင်းက တိုက်စစ်ကစားသမား ပူလီဆစ် အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရ ပါတယ်။ အေစီမီလန်အသင်းနှင့် ပူလီဆစ် တို့ရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပါတယ်။ ပူလီဆစ် အနေနဲ့ အသင်းတွင်ခြေစွမ်းပြနေတဲ့အတွက် အေစီမီလန်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ် နေခြင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းက ပူလီဆစ် ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးရန်စီစဉ်နေပြီး နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ပူလီဆစ် ကိုယ်တိုင်ကလည်း အေစီမီလန်တွင် ပျော်ရွှင်နေပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အသင့်ရှိနေကြောင်း သိရပါတယ်။(NVS 008)
25 Apr