“ဒေါ့မွန်အသင်းသို့ တတိယအကြိမ် သွားရောက်ကစားဖွယ်ရှိတဲ့ ဆန်ချို”

25 Apr

မန်ယူအသင်းမှ အက်စတွန်ဗီလာအသင်းသို့ အငှားချထားတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဟာ ဒေ့ါမွန်အသင်းသို့ တတိယအကြိမ် သွားရောက်ကစားဖွယ်ရှိနေကြောင်း သိရပါတယ်။ အသက် ၂၆ နှစ် အရွယ် ဆန်ချို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဒေါ့မွန်အသင်းမှာ အစပြုခဲ့သူ ဖြစ်ပြီး ၂၀၂၁ နွေရာသီမှာ မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ဆန်ချို ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အသင်းမှာ မျှော်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နည်းပြ တန်ဟက်ဂ် နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် ၂၀၂၄ ဇန်နဝါရီမှာ ဒေါ့မွန် အသင်းထံ အငှားချခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီမှာလည်း ချယ်လ်ဆီးအသင်းထံသို့ အငှားချခဲ့ပြီး လက်ရှိရာသီမှာလည်း အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့တာဖြစ်ပါတယ်။ ဆန်ချို အနေနဲ့ အက်စတွန်ဗီလာအသင်းမှာလည်း ခြေစွမ်းပြ နိုင်ခြင်းမရှိတာကြောင့် ဒေါ့မွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ လိုလားနေခြင်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းနည်းပြ နီကိုကိုဗတ် က ပြောင်းရွှေ့ကြေးအလွတ်နဲ့ရရှိနိုင်မယ့် ဆန်ချို ကိုခေါ်ယူဖို့ အလိုရှိနေ ခဲ့တာကြောင့် ဆန်ချို အနေနဲ့ လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းကို တတိယအကြိမ်ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။(NVS 008)

25 Apr

ADVERTISE HERE .