“ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ဒါလော့ ကိုခေါ်ယူရန်စိတ်ဝင်စား”

25 Apr

ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က မန်ယူအသင်းနောက်ခံလူ ဒါလော့ ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒါလော့ နဲ့ မန်ယူအသင်းတို့က ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း မန်ယူအသင်းမှပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ရီးရဲလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ခံစစ်ပိုင်းကိုအားဖြည့်ရန် စီစဉ်နေသည့် ရီးရဲလ်အသင်းက ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါလော့ ဟာ ၂၀၁၈ ခုနှစ်တွင် ပေါ်တိုအသင်းမှ မန်ယူအသင်းထံသို့ ပေါင် ၁၉ သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။(NVS 008)

25 Apr

ADVERTISE HERE .