“ချဲလ်ဆီးအသင်းက နည်းပြ ရိုစီနီယာ ကိုထုတ်ပယ်၍ အသင်းလက်ထောက်နည်းပြ မက်ဖာလန်း ကို ယာယီနည်းပြအဖြစ်ခန့်အပ်”
24 Apr
ချဲလ်ဆီးအသင်းက ဘရိုက်တန်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် နည်းပြ ရိုစီနီယာ ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းလက်ထောက်နည်းပြ မက်ဖာလန်း ကို ယခုနှစ်ဘောလုံးရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နည်းပြ ရိုစီနီယာ ဟာ ယခုနှစ်ဇန်နဝါရီလက နည်းပြဟောင်း မာရက်စ်ကာ ရဲ့နေရာတွင် အစားထိုးတာဝန်ယူကာ ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် လေးလအကြာတွင် ချဲလ်ဆီးအသင်းကို တိုးတက်မှုရရှိအောင် လုပ်ဆောင် နိုင်ခြင်းမရှိသဖြင့် အသင်းပရိသတ်များနှင့် ကစားသမားများက ၎င်း၏နည်းစနစ်ပိုင်းကို သဘောကျခြင်းမရှိတော့ဘဲ ဆန္ဒဖော်ထုတ်မှုများ ရှိလာခဲ့တာကြောင့် အသင်းတာဝန်ရှိသူများက နည်းပြ ရိုစီနီယာ ကို ရာထူးမှထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ပူးတွဲအသင်းပိုင်ရှင် အက်ဘာလီ က ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက နည်းပြ ရိုစီနီယာ ကို အချိန်ပေးရန်လိုအပ်ပြီး ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း အသင်းအနေဖြင့် မန်ယူအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ ဘရိုက်တန်အသင်းကို သုံးဂိုး၊ ဂိုးမရှိတို့ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ရိုစီနီယာ ကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် အသင်းတာဝန်ရှိသူများက နည်းပြသစ် ချက်ချင်းခန့်အပ်ရန် မစီစဉ်တော့ဘဲ အသင်း လက်ထောက်နည်းပြ မက်ဖာလန်း ကိုသာ ယခုနှစ်ဘောလုံးရာသီကုန်ထိ တာဝန်ယူကိုင်တွယ်ရန် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)