“လိုက်ပဇစ်အသင်းက ဒီယိုမန်ဒီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၇ သန်း သတ်မှတ်”
24 Apr
လိုက်ပဇစ်အသင်းက အသင်းမှ လူငယ်တိုက်စစ်ကစားသမား ဒီယိုမန်ဒီ အတွက် ပြောင်းရွှေ့ကြေးကို မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ စတာလင်ပေါင် ၈၇ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီယိုမန်ဒီ ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက လီဂါနက်စ် အသင်းမှ လိုက်ပဇစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ယခုဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိတဲ့အတွက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများက ခေါ်ယူရန်ကြိုးပမ်းနေ၍ လိုက်ပဇစ်အသင်းက မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီယိုမန်ဒီ အနေနဲ့ ယခုဘောလုံးရာသီတွင် လိုက်ပဇစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၂ ပွဲကစားခဲ့ရာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်နိုင်သည်အထိ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)