“ဂျူဗင်တပ်စ်အသင်းက လီဗာပူးအသင်းမှထွက်ခွာမည့် ဂိုးသမား အလီဆန်ဘတ်ကာ ကိုခေါ်ယူရန်စီစဉ်”

24 Apr

စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက ယခုဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းမှထွက်ခွာမည့် ဂိုးသမား အလီဆန်ဘတ်ကာ အားခေါ်ယူရန် စီစဉ်နေကြောင်းသိရပါတယ်။ အသက် ၃၃ နှစ်အရွယ် အလီဆန်ဘတ်ကာ ဟာ ၂၀၁၈ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ဆုဖလားများဆွတ်ခူးနိုင်ခဲ့ကာ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့၍ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံးဂိုးသမားများအနက် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အလီဆန်ဘတ်ကာ နှင့် လီဗာပူးအသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး အလီဆန်ဘတ်ကာ ကိုယ်တိုင်က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလို နေပြီး လီဗာပူးအသင်းကလည်း ထွက်ခွာခွင့်ပြုထားတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက လာမည့်ဘောလုံးရာသီတွင် အီတလီစီးရီးအေချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်ရန် အတွက် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းကစားသမားစာရင်းကို အပြောင်းအလဲလုပ်ဆောင် ရန် ကြီးကြီးမားမားပြင်ဆင်နေပြီး ဂိုးသမားနေရာအတွက်လည်း ရိုးမားအသင်းနှင့်အတူ စီးရီးအေပြိုင်ပွဲတွင် အတွေ့အကြုံရှိသည့် ဂိုးသမား အလီဆန်ဘတ်ကာ အား ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။(NVS 008)

24 Apr

ADVERTISE HERE .