“မန်ယူအသင်းနည်းပြဟောင်း အမိုရင် အား အသင်းနည်းပြအဖြစ် ခန့်အပ်ရန်ကြိုးပမ်းနေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”
24 Apr
ခရစ္စတယ်ပဲလေ့စ်အသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြသစ်အဖြစ် မန်ယူအသင်းနည်းပြဟောင်း အမိုရင် အားခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ လက်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ အိုလီဗာဂလက်နာ က ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းကို အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးပေးနိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အဓိကဆုဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ လက်ရှိတွင် ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းနေပြီး မန်ယူအသင်းနှင့် လမ်းခွဲ ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြ အမိုရင် အား ခန့်အပ်လိုနေခြင်းဖြစ်ပါတယ်။(NVS 008)
24 Apr