“အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးမှုသတင်း မမှန်ကန်၊ ဆွေးနွေးမှုအလားအလာ မရေရာဟု အီရန် မီဒီယာဆို”

20 Apr

အီရန်နှင့် အမေရိကန်အကြား ဆွေးနွေးမှုအလားအလာ မရေရာကြောင်း၊ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ် မာဘတ်၌ အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးပွဲဆိုင်ရာ သတင်းများက မမှန်ကန်ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသတင်းအေဂျင်စီ(IRNA)၏ ဧပြီလ ၁၉ ရက် သီးသန့်သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် အဆိုပါသတင်းမီဒီယာက လူမှုကွန်ရက်မီဒီယာတွင် အီရန်အနေဖြင့် အမေရိကန်နှင့် ဒုတိယအကြိမ် ဆွေးနွေးရန် ငြင်းဆိုခဲ့ကြောင်း စာတစ်ကြောင်းသတင်းတိုတစ်ခု ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်က တရားလွန်သော တောင်းဆိုချက်များ၊ လက်တွေ့မကျသော မျှော်မှန်းချက်များကို အဆိုပြုပြီး ရပ်တည်ချက် အဆက်မပြတ်ပြောင်းလဲကာ ရှေ့နောက်မညီဖြစ်နေကြောင်း၊ တစ်ချိန်တည်းတွင်ပင် အီရန်အပေါ် အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ရှုမြင်ရသော ပင်လယ်ပြင်ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေသလို ခြိမ်းခြောက်စကားများကို ပြောကြားလျက်ရှိရာ ယနေ့တိုင် ဆွေးနွေးပွဲတိုးတက်မှု မရှိအောင် အတားအဆီးများဖြစ်စေကြောင်း သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်ဘက်က ဒုတိယအကြိမ် ဆွေးနွေးမှုဆိုင်ရာသတင်းများ ထုတ်ပြန်ခြင်းသည် မီဒီယာလှည့်ကွက် သက်သက်သာဖြစ်ပြီး အီရန်အပေါ် ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သတင်းတွင် ထောက်ပြထားသည်။ အီရန် Tasnim သတင်းဌာနက ယင်းနေ့ မနက်အစောပိုင်းတွင် သတင်းဖော်ပြခဲ့ရာ အမေရိကန်နိုင်ငံအနေဖြင့် ပင်လယ်ပြင်ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေသရွေ့ ဆွေးနွေးပွဲပြုလုပ်မည်မဟုတ်ဟု အီရန်ဘက်က အလေးထားပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန်မီဒီယာများ ဧပြီလ ၁၉ ရက်တွင် အိမ်ဖြူတော်အရာရှိတစ်ဦး၏ စကားကိုကိုးကား၍ သတင်း ထုတ်ပြန်ခဲ့ရာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်သောအဖွဲ့သည် အစ္စလာမ်မာဘတ်မြို့၌ ကျင်းပမည့် အမေရိကန်-အီရန် ဆွေးနွေးပွဲအသစ်ကို တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Repost from Xinhua Myanmar)

20 Apr

ADVERTISE HERE .