“ဆံတော်ရှင် ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်နှင့် ညောင်ရေသွန်းပွဲတော် ကျင်းပမည်”

20 Apr

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဆံတော်ရှင် ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် သံဃာ အပါး ၁,၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်နှင့် ညောင်ရေသွန်းပွဲတော်တို့ကို ဧပြီလ ၃၀ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့မှ သိရပါတယ်။ ကျင်းပရာတွင် ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် သံဃာအပါး ၁,၀၀၀ ဖြင့် ဗုဒ္ဓဘိသေကအနေကဇာသဘင် ကျင်းပခြင်း၊ သံဃာအပါး ၁,၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်း ပွဲတော်တို့ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကဆုန်လပြည့်နေ့တိုင်း ညောင်ရေသွန်းပွဲတော်ကိုသာ ကျင်းပ လေ့ရှိသော်လည်း ၂၀၂၄ ခုနှစ်မှစတင်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်ကိုပါ ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS-004)

20 Apr

ADVERTISE HERE .